mPos

mPos

တိကျသောလုပ်ဆောင်ချက်များနှင့် မှန်ကန်သောဆုံးဖြတ်ချက်များ အတွက် “mPOS”

mPOS သည် အရောင်းအဝယ်နှင့်ပတ်သက်သော အသေးစားလုပ်ငန်းမှသည် အကြီးစားလုပ်ငန်းအထိ လုပ်ငန်းလည်ပတ်မှုပိုမိုလွယ်ကူလျင်မြန်ပြီး အမှားကင်းစေရန် ရည်ရွယ်၍ထုတ်လုပ်ထားသော Software တစ်ခုဖြစ်ပါသည်။

အခြေခံ အရောင်းအဝယ်ပိုင်းတွင်သာမက အရောင်းအဝယ်နှင့်ပတ်သက်သည့် အဓိကကျသော ဆုံးဖြတ်ချက်များကို တိကျမှန်ကန်စွာ ချမှတ်နိုင်ရန် သင့်လုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်သော Software ဖြစ်သည်။

အားသာချက်များ

SALE (အရောင်း)

  • ကုန်ပစ္စည်းများကို ငွေပေးချေစနစ် အမျိုးမျိုး (လက်ငင်း / အကြွေး / Gift Card / MPU / FOC / Tester) ဖြင့်ရောင်းချနိုင်ခြင်း။
  • ဝယ်ယူထားသောကုန်ပစ္စည်းအပေါ် ငွေပြန်အမ်းမှု ပြုလုပ်နိုင်ခြင်း ။
  • ကုန်ပစ္စည်းများကို အခွန်ဖြစ်စေ၊ လျှော့ဈေးဖြစ်စေ ပုံစံအမျိုးမျိုး သတ်မှတ်၍ ရောင်းချနိုင်ခြင်း။
  • Bar Code စနစ်အသုံးပြု၍ ကုန်ပစ္စည်းများကို လျင်မြန်စွာ ရောင်းချနိုင်ခြင်း။။
  • အရောင်းစာရင်းများ၏ အသေးစိတ်အချက်အလက်များကို ပြန်လည်ကြည့်ရှုနိုင်ပြီး လိုအပ်လျှင်အလွယ်တကူ ပြင်ဆင်နိုင်ခြင်း။

STOCK( ဂိုထောင် )

  • ကုန်ပစ္စည်း တစ်ခုစီ၏ အရောင်းစာရင်း၊ အဝယ်စာရင်း၊ ပျက်စီးစာရင်း၊ လက်ကျန်အရေအတွက်များ ကို အလွယ်တကူ ကြည့်ရှုနိုင်ခြင်း။
  • လက်ကျန်ကုန်ပစ္စည်းများ ပြတ်လပ်မှုမဖြစ်ခင် အချိန်မီ သိရှိနိုင်ရန် Minimun Stock Level သတ်မှတ်နိုင်ခြင်း။
  • ​ကုန်​ပ​စ္စည်း ​တစ်​ခု​စီ​၏ ​အ​သေး​စိတ်​အ​ချက်​အ​လက်​များ (​အ​မှတ်​တံ​ဆိပ်/​အ​မျိုး​အ​စား) ​ကို ​စ​နစ်​တ​ကျ ​သိမ်း​ဆည်း​နိုင်​ခြင်း။
  • ကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှု စာရင်းများကို ပြန်လည်ကြည့်ရှုနိုင်ခြင်း။

CUSTOMER( ဝယ်သူ )

  • Customer တစ်ယောက်ချင်းစီ၏ အသေးစိတ်အချက်အလက်များ (အဝယ်စာရင်းနှင့် အကြွေးစာရင်း) ကိုပြန်လည်ကြည့်ရှုနိုင်ခြင်း။
  • Customer Loyalty Program အနေဖြင့် Member Card အမျိုးမျိုးသတ်မှတ်၍ Card တစ်ခုချင်းစီအလိုက် အကျိုးခံစားခွင့်များ သတ်မှတ်နိုင်ခြင်း။
  • Customer တစ်ယောက်ချင်းစီ၏ ဝယ်လိုအားများကို ရက်၊ လ၊ နှစ် အလိုက် ကြည့်ရှုနိုင်ခြင်း။

SUPPLIER & PURCHASINGE( ကုန်သည် နှင့် ဝယ်ယူခြင်း)

  • ကုန်သည်များ၏ အမည်နှင့် ယင်းတို့၏ အသေးစိတ်အချက်အလက်များ (အဝယ်စာရင်းနှင့် အကြွေးစာရင်း) ကိုပြန်လည်ကြည့်ရှုနိုင်ခြင်း။
  • မှာယူထားသည့် ကုန်ပစ္စည်း စာရင်းများကို ကုန်သည်များနှင့်တွဲပြီး ရှာဖွေကြည့်ရှုနိုင်ခြင်း။

CONSIGNMENT( အပ်ကုန် )

  • ကိုယ်စားလှယ်ယူပြီး ရောင်းချပေးသော ကုန်ပစ္စည်းများ (consignment items) ရောင်းအားနှင့်ကော်မရှင် တွက်ချက်ပေးနိုင်ခြင်း။

USER ACCOUNT & ROLE MANAGEMENT( အသုံးပြုသူအကောင့်များ စီမံခြင်း )

  • POS User Account များ အကန့်အသတ်မရှိ တည်ဆောက်နိုင်ခြင်း။
  • User Account များအား Level အမျိုးမျိုးခွဲ၍ လုပ်ပိုင်ခွင့်များ ကန့်သတ်ထားနိုင်ခြင်း။

REPORT( အစီရင်ခံစာ)

  • အရောင်းအဝယ် စာရင်းများကို ရက်၊ လ၊ နှစ် အလိုက် အသေးစိတ် (သို့) အနှစ်ချုပ် ကြည့်ရှုနိုင်ခြင်း။
  • ပေးရန်ရှိသောအကြွေး၊ ရရန်ရှိသောအကြွေးများကို ကြည့်ရှုနိုင်ခြင်း။
  • ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်းစာရင်းများကို ရက်၊ လ၊ နှစ် အလိုက် ကြည့်ရှုနိုင်ခြင်း။
  • ကုန်ပစ္စည်း လက်ကျန်စာရင်းများ နှင့် အော်ဒါ မှာယူရန် စာရင်းများကို ကြည့်ရှုနိုင်ခြင်း။
  • ဝယ်လိုအား၊ ရောင်းလိုအား များ၏ ရလာဒ် ကိုကြည့်ပြီး မိမိလုပ်ငန်း ပိုမိုတိုးတက်အောင်ပြုလုပ်နိုင်ခြင်း။
  • Report များကို Format ( pdf , excel, word ) အမျိုးမျိုးဖြင့် ကြည့်ရှုနိုင်ခြင်း။
  • အရှုံးအမြတ် Report အပါအဝင် Report အမျိုးအစားပေါင်း (၂၀) ကျော် ပါရှိခြင်း။

.

Find Us On
Facebook